Main menu

“ ကော့မှူးမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ နှင့်ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက် အခြေအနေအား ဇန်နဝါရီလ (၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက်များရှိ  အိမ်ဆောက်ပစ္စည်း ဖြန့်ဖြူးရောင်းချလျှက်ရှိသောကုန်မာဆိုင်များသို့ ဈေးနှုန်းအတက်အကျဖြစ်ရသည့် အကြောင်းအရင်းအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းသည် အမှတ်(၂၃၀) စည်ပင်လမ်းမကျီးတန်းရပ်ကွက်ရှိ နေအောင်ကုန်မာဆိုင်၊ အမှတ်(၂၂၆) စည်ပင်လမ်းမကျီးတန်းရပ်ကွက်ရှိ မြင့်မိုရ်ကုန်မာဆိုင်နှင့်အမှတ်(၁၉၆) ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိ အကယ်ဒမီကုန်မာ အိမ်ဆောက်ပစ္စည်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင် ဆိုင်ပိုင်ရှင် များနှင့်တွေ့ဆုံပြီး ဘိလပ်မြေအမျိုးအစားအလိုက် လက်လီ၊ လက်ကားဈေးနှုန်း၊ ယခင်လ၊ ယခုလ ဈေးနှုန်း၊ ကွာခြားချက်ဈေးနှုန်း အတက်အကျဖြစ်သည့် အကြောင်းအရင်း၊ မြေပြင်လက်ကျန် အခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့အား မြေပြင်ကွင်းဆင်း လက်ကျန်စာရင်းကောက်ယူခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ဘိလပ်မြေအမှတ်တံဆိပ်အမျိုးမျိုးတို့အား ဝယ်ယူရရှိရမှုအခြေအနေ၊ ပစ္စည်းပြတ်လပ် မှုရှိ/မရှိနှင့် လက်ကျန်ပစ္စည်းများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးများ မပြုလုပ်ကြရန် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်း မျိုးများ မပြုလုပ်ကြရန် စီးပွားရေးလုပ်ငန်းရှင် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)