စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီတွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေ သော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်း စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများ မြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)