Main menu

“ ဈေးကွက်အတွင်းဘိလပ်မြေများပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့်ဝန်ထမ်းများသည် ဇန်နဝါရီလ (၁၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ရွှေခြင်္သေ့နှင့်ဦးအောင်ဘာလေဆိုင်၊ အောင်သုခအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေ ပစ္စည်းများ ပြတ်လပ်မှုနှင့် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ယခုရာသီ တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ချိန်ဖြစ်၍ ဘိလပ်မြေများဝယ်လိုအားများခြင်း၊ ကုန်ပစ္စည်း များအဝင်နည်းခြင်းများကြောင့် ဘိလပ်မြေလက်ကျန်များလျော့နည်းလျှက်ရှိကြောင်းသိရပြီး ဆိုင်ရှင် များအနေဖြင့် ဘိလပ်မြေကုန်ပစ္စည်းများအပေါ် ဈေးနှုန်းများမြှင့်တင်မှုမရှိဘဲ ပစ္စည်းမှန်၊ ဈေးနှုန်း မှန်ကန်စွာဖြင့် သုံးစွဲသူများအား ရောင်းချပေးရန်နှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)