Main menu

“ တွံတေးမြို့နယ်အတွင်းဘိလပ်မြေအရောင်းဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ နှင့်ဈေးကွက်ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

တွံတေးမြို့နယ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်မာဆိုင် များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် ဈေးကွက်အခြေအနေများ၊ ဈေးနှုန်းအတက်အကျဖြစ်ရသည့် အကြောင်းအရင်းများအား သိရှိနိုင်ရန် စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇန်နဝါရီလ (၁၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံ ရုံးမှ ဦးအာကာမင်းသည် အမှတ်(၃၃၆) ဗိုလ်ချုပ်လမ်း၊ ကွမ်းခြံရပ်ကွက်ရှိ လှလှရီ အုတ်၊ သဲ၊ ကျောက် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆို်ငနှင့် ဘုရားသုံးဆူကူတို့ဆိပ် ကွမ်းခြံရပ်ကွက်ရှိ ခြူးမြတ် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်တို့ရှိ ကုန်မာနှင့်အိမ်ဆောက်ပစ္စည်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဆိုင်ပိုင်ရှင် များနှင့်တွေ့ဆုံ၍  ဘိလပ်မြေအမျိုးအစားအလိုက် လက်လီ၊ လက်ကားဈေးနှုန်း၊ ယခင်လ၊ ယခုလဈေးနှုန်း၊ ကွာခြားချက်ဈေးနှုန်း အတက်အကျဖြစ်သည့် အကြောင်းအရင်း၊ မြေပြင်လက်ကျန်အခြေအနေ၊ ပစ္စည်းပြတ် လပ်မှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့အား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ပြီး ဆိုင်ပိုင်ရှင် များအား လက်ကျန်ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမျိုးများ မပြုလုပ်ကြရန် စီးပွားရေးလုပ်ငန်းရှင် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)