Main menu

“တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲနှင့် စားသုံးသူအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၁၀)ရက်နေ့၊ နေ့လည် (၁၄:၃၀)အချိန်တွင် တွံတေးမြို့နယ် တံခွန်တိုင်လေး အိမ်စုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူသားတို့ဘဝတွင် လူငယ် ဘဝမှစ၍ မိမိတို့အတွက်အကျိုးရှိစေမည့် အတတ်ပညာများကို လေ့လာဆည်းပူးသင့်ပြီး ပညာရဲရင့်ပွဲလယ် တင့်စေရန်အတွက် စာများများဖတ်ရန်လိုပြီး နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်လိုစိတ်တို့ရှိနေရမည်ဖြစ်ပြီး လူငယ်မောင်မယ်များအနေဖြင့် လူကြီးအရွယ်ရောက်သည့် အခါ နိုင်ငံတော်၏အနာဂတ်လှပအောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့်နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ဦးခြင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ် အသားအား သေချာဖတ်ရှု ဝယ်ယူ သုံးစွဲပါရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲသင့်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု များရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည်တို့ကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)