Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရေးသားဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း ဇန်နဝါရီလအတွင်း ဦးစားပေးကုန်စည်ဖြစ်သော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး တို့အား ဇန်နဝါရီ (၁၀)ရက်နေ့၊ နေ့လည် (၁၀:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်း ရှိ/မရှိ၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးနှင့်ရပ်ကွက်များရှိ ဈေးဆိုင်များသို့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။       ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ မြို့မဈေး တာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း တို့သည် စည်ပင်သာယာမြို့မဈေး အပြင်တန်း အမှတ်(၁) ဒေါ်မိုးမိုးကုန်ခြောက်ဆိုင်၊ အရှေ့ဘက် အမှတ်(၂၁/၂၂) ဦးတင်ဝင်းကုန်ခြောက်ဆိုင် အပြင်တန်းအမှတ်(၃) ဦးသန့်ဇင်ဝင်းကုန်ခြောက်ဆိုင်၊ ရုံ(ဃ) အမှတ်(၁၄/၁၅/၁၆) ဒေါ်ချောစုကုန်စုံဆိုင်နှင့် အမှတ်(၁၁၄) စည်ပင်လမ်း ပြည်တော်သာ ရပ်ကွက်ရှိ ရတနာလွင်ကုန်မျိုးစုံဆိုင်၊ အမှတ်(၂၂၆) ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးကိုလေးကုန်စုံဆိုင် တို့တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့ တွင် စားသုံးသူပြည်သူများ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်ဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ  လျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း မရှိသောအမှတ်တံဆိပ်နှင့် သက်တမ်းလွန်နေသော စံချိန်စံညွှန်းနှင့် မကိုက်ညီသော စားသောက်ကုန် ပစ္စည်းများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။     

DOCA(ရန်ကုန်)