
စားအုန်းဆီဈေးနှုန်းများတစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖစ်ပေါ်နေသည်ဟူသော သတင်းများ ကြောင့် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၁၁.၁.၂၀၂၅ ရက်နေ့ ဗဟန်းမြို့နယ် ဗဟန်း ဈေး၊ မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးနှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၅:၀၀) နာရီအချိန်ထိ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေနှင့် ဝန်ထမ်း(၃) ဦးတို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ အဆိုပါဈေးများတွင် စားအုန်းဆီများအား ရည်ညွှန်းဈေးဖြင့်ရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)