Main menu

“ ကော့မှူးမြို့နယ်အတွင်းရှိစားအုန်းဆီဆိုင်များသို့စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားအုန်းဆီဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူး ရောင်းချ နေမှုအခြေအနေအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

            ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်၊ ကျေးရွာများရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အမှတ်(၂၂)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ် ကုန်စုံဆိုင်၊ အမှတ်(၃၀) စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင်ကုန်စုံဆိုင်၊ အမှတ်(၁၉၅) ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးမျိုးငြိမ်းဦး စားသုံးဆီ ကိုယ်စားလှယ်ဆိုင်၊ အမှတ်(၂၃၁) ဗိုလ်ချုပ်လမ်း လက်စိုက်ကျေးရွာရှိ ဒေါ်မေဇင်ဦး စားအုန်းဆီကိုယ်စားလှယ် ဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကော့မှူးမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သတ်မှတ်စားအုန်းဆီခွဲတမ်းများအား လုံလောက်စွာ ချထားပေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းမှန်ကန်စေရေးအတွက် သတ်မှတ်အခြေခံ လက်ကားရည်ညွှန်း ဈေးအား အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ပေးလျှက်ရှိပြီး ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)