စားသုံးသူရေးရာဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ခွဲတာဝန်ခံ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်း (၂) ဦး သည် (၁၀-၁-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေး စည်ပင်မှ ဈေးတာဝန်ခံ ဦးစိုးနိုင် တို့နှင့် ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်း ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသော ဈေးအတွင်းရှိ ဦးသန်းစိုး ဆေးဆိုင်၊ မင်းမင်းဆေးဆိုင်များရှိ တိုင်းရင်းဆေးဝါးများအား စားသုံးသူဥပဒေပါ အခန်း(၈) တွင် ဖော်ပြထားသော ကုန်စည်တွင်ပါဝင်ရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရပြီး ဌာနအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းမပြု ကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)