၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့် အဝတ်အထည်၊ အလှကုန်ပစ္စည်းရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက် များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဒေါပုံမြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ဟောပြောဆွေးနွေးခဲ့ပါ သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက် အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)