Main menu

သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍  ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ် မှန်ကန်စေရေးနှင့် ပြည်တွင်းထုတ်စားသုံးဆီများတွင် ရောနှောဆီများ ၊ FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်ကြီးများနှင့် စားသုံးဆီ ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီများအား စစ်ဆေးရာတွင် ရောနှောဆီများအား သတ်မှတ်ချက် များနှင့်အညီ ရောင်းချနေမှုများ ရှိ/မရှိ၊ ပြည်တွင်းစားသုံးဆီများတွင် FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)