စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နံနက် ၀၉:၄၅ နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ဆန်လက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ကိုပိုင်ဆိုင်သူသည် MyRO တွင်ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ပြီး၊ ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့်ရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူ များသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာ ကွယ်ရေးဥပဒေ၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)