Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆ )ရက်နေ့မှ (၁၇ ) ရက်နေ့ထိ (၂) ရက်ကြာဖွင့်လှစ်ခဲ့ရာ  တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း (၂၅) ဦး၊ သင်တန်းသား/သူ (၂၀)ဦး၊ ခရိုင်ဦးစီးမှူးရုံးများမှ Online စနစ် ဖြင့်တက်ရောက်သူသင်တန်းသား/ သူ(၁၅ )ဦး၊ စုစုပေါင်း ( ၆၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          ၁၆.၁.၂၀၂၅ ရက်နေ့ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်ကာလမှာ ဌာနအတွက်ဦးစီးဦးဆောင်ပြုမည့် မျိုးဆက် သစ်ဝန်ထမ်းများကို အရည်အသွေး မြှင့်တင်ပေးသော သွေးသစ်လောင်းပေးသည့် သင်တန်း ဖြစ်ပါကြောင်း၊ “ ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုတဲ့ ဆိုရိုးစကားရှိပါကြောင်း၊ ယနေ့ ဝန်ထမ်း ငယ်များသည် နောင်တစ်ချိန်တွင် ဌာနအကြီးအကဲများအဖြစ် ပခုံးပြောင်းထမ်း ဆောင်ကြရမှာ ဖြစ်ပါကြောင်း၊ ဌာနရဲ့ရည်မှန်းချက် တာဝန်တွေကို အကောင်အထည်ဖော်မည့် ခေါင်းဆောင် ကောင်း၊ ဝန်ထမ်းကောင်းတွေဖြစ်လာအောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ သင်ယူချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်၊ တတ်မြောက်ချင်တဲ့ စိတ်ကို စာတွေ့၊ လက်တွေ့ ကိုယ်တိုင် လုပ်မှ တတ်သိနိုင်တဲ့ ပညာရပ်တွေကို သိရှိမှာဖြစ်ပါကြောင်း၊ သင်တန်း သား/သူ များမှလည်း မိမိလက်ရှိမှ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးကို မြင့်မားလာအောင် ကိုယ်တိုင် သေချာကြိုး စားကြရန်နှင့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်း အားဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက တက်ရောက်လာသော သင်တန်းသား/သူများအား စားသုံးသူအသိပညာပေးဟောပြောရာတွင် အသုံးပြုရမည့်နည်းလမ်းများအကြောင်း၊ စားသုံးသူတိုင် ကြားမှုဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာများ အကြောင်း၊ သတင်း/ဆောင်းပါးရေးသားနည်းများအ ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက ဘာသာရပ်အလိုက် သင်ကြား ပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)