Main menu

ကျွန်းလှမြို့ “စမိုင်းလ်” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်အား တွေ့ဆုံအသိပညာပေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀;၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ” စမိုင်းလ်ကိတ်နဲ့မုန့်မျိုးစုံ လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေး အသိပညာ ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသောက် ကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ် ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နဲ့အညီ ကုန်ပစ္စည်းများပေါ်တွင် မြန်မာစာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို ဖော်ပြထားခြင်း ရှိ/မရှိ တို့အတွက် ” စမိုင်းလ်ကိတ်နဲ့မုန့်မျိုးစုံ လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အသင့်စားရသောမုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး မုန့်များ ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေး နှင့်ဒေသတွင်းထုတ်လုပ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသား လျှောက်ထားပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖေါ်ပြထားခြင်းရှိ/မရှိ မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များ ၊ မုန့်မျိုးစုံလုပ်ငန်းများ နှင့် အစားအသောက် ထုတ်လုပ်နေသည့် လုပ်ငန်းရှင့်များကိုလည်း ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း နှင့်  ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှု မရှိသေးသည့်လုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံအောင် ထည့်သွင်း၍ ကုန်အညွှန်း အမှတ်အသား လျှောက်ထားရန် စကားလက်ဆင့်ကမ်း တိုက်တွန်းပြောကြားပေးရန်နှင့် လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း  ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း နှင့် မိမိတို့ စာသုံးသူ အခွင့်အရေးများကို လိုက်နာဖို့လိုသလို စားသုံးသူအခွင့်အရေးများကိုလည်း သိရှိပြီး တောင်းဆိုတတ် ဖိုလည်း လိုအပ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး (၂/၂၀၁၉)ပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)