
မြန်မာနိုင်ငံသည် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးနှင့်ညီညွှတ်သောကြောင့် ဒေသမရွေး အသီးအနှံ များစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ထိုသီးနှံများထဲမှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေးလွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့် သော်လည်းကောင်း၊ အချို့သူများသည် ရေဆေး၍အလုံးလိုက်သော်လည်းကောင်း စားသုံးကြပါ သည်။ ထို့အပြင် ခရမ်းချဉ်သီးကို ယိုထိုး၍လည်းစားသုံးကြပါသည်။ ခရမ်းချဉ်သီးသည် အာဟာရ ဖြစ်စေရန် တစ်ခုတည်းအတွက်သာမက ကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း အထောက် အကူပြုသော အသီးနှံတစ်မျိုးဖြစ်ပါသည်။
ခရမ်းချဉ်သီးတွင်လိုင်ကိုလင်းပိုဝင်မှုကြောင့်ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာ အိမ်ကင်ဆာများမဖြစ်စေရန် ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာဆဲလ်များပွားများ လာမှုကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါသည်။ ခရမ်းချဉ်သီးအားပုံမှန်စားသုံးပေးခြင်းဖြင့် ရုတ်တရက် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ထိခိုက်စေသော ရောဂါများမှလည်း ကာကွယ်ပေးနိုင်သည်။ အဆုတ်ကိုကျန်းမာစေသည့် အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။ ထို့ကြောင့် ခရမ်းချဉ်သီးသည် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော အသီးအနှံတစ်မျိုး ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(ပဲခူး)