Main menu

ရေတာရှည်မြို့ ဝေဝေအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့သွားရောက်တွေ့ဆုံ

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် စစ်ဆေးရေးမှူးများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ ‘ဝေဝေ’ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မှတ်ပုံတင်ထားရှိမှုနှင့် မြေပြင်အခြေအနေများကို စစ်ဆေးကြည့်ရှုရာ လုပ်ငန်းရှင် ဒေါ်ခင်မာဝေက ရှင်းလင်းပြသပါသည်။ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိသည့် ကုန်စည်အမျိုးအစားများကိုသာ ရောင်းချရေးညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ပါသည်။

              ‘ဝေဝေ’အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် FDA မှ အတည်ပြုပြီးသည့်ဆေးဝါး၊ ကုသရေးသုံးပစ္စည်းများနှင့် ဖြည့်စွက်အစာများကို ရောင်းချရန်မှတ်ပုံတင်ထားရှိပြီး Jolie C အသင့် ဖျော်ကော်ဖီမှုန့်များကို အွန်လိုင်းစနစ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)