Main menu

ရေတာရှည်မြို့ရှိ စိုက်ပျိုးရေးသုံးဆေးဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းပန်းအိမ်ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ပါသည်။

              ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်း ဆေးဆိုင်ကြီးများ၌ တရားမဝင် ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်း ရောင်းချခြင်းရှိမရှိနှင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ပိုမို၍ အမြတ်တင်ရောင်းချခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် ၁၀ ရာခိုင်နှုန်းထက်ပို၍ အမြတ်တင်ရောင်းချခြင်း မပြုရန် အသိပညာပေးပြောကြားပါသည်။

              စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်း ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချ ခြင်းမပြုရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သမဝါယမဦးစီး ဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)