Main menu

ပဲခူးမြို့ အ.ထ.က(၅)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ပဲခူး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ပဲခူးမြို့ ဆည်မြောင်းလမ်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့် အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်တာဝန်ခံဦးစိုးဝင်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏ အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုးမှ အွန်လိုင်းမှ တဆင့်ဝယ်ယူရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူရာ တွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှု ပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါ သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးနှင့် ဆရာ/ဆရာမ (၅၂)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို (၁၄:၁၅) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရသည်။

DOCA(ပဲခူး)