Main menu

ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကလွီ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          ၁၇.၁.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မော်လမြိုင်ခရိုင် ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အ.ထ.က (ကလွီ) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အငယ်တန်း စာရေး ဦးမင်းဟိန်းခန့်က အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြီး ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူ အသုံးပြုတတ်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများမှ လူကိုယ်တိုင် ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန website မှတစ်ဆင့်ဖြစ်စေ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိလိုသည် များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၂၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)