Main menu

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Powered by Drupal

၁၈.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် MSR စက်ရုံများနှင့် ရော်ဘာကုန်ကြမ်း အဝယ်ဒိုင်များ တွေ့ဆုံဆွေးနွေးပွဲကို မုဒုံမြို့ရှိ ရွှေဟင်္သာ ခန်းမ၌ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းက နိုင်ငံတော်အကြီး

အကဲများအနေနှင့် ရော်ဘာနှင့်ပတ်သက်သည့် စိုက်ပျိုးသည်မှအစ အစေးခြစ်ခြင်း၊ အစေးခဲခြင်း၊ ထုတ်ကုန်အဖြစ်ရောက်ရှိအောင် ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်ပင်များ ထုတ်လုပ်ခြင်း၊ အစေးခဲရာတွင် အသုံးပြုသည့် အရည်အသွေးကောင်းအက်စစ်များ မှာယူတင်သွင်း၍ ထုတ်ကုန်များကို အဆင့်အတန်းမြင့်မားရန်အတွက် ခရမ့် ရော်ဘာစက်ရုံ၊ မှိုင်းရုံများဖြင့် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည့် MSME ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ မိမိနိုင်ငံ၏ ထုတ်ကုန်များကို အိမ်နီးချင်းနိုင်ငံများနှင့် စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန်၊ နိုင်ငံခြားဝင်ငွေ ရေရှည်တည်တံ့စွာရရှိနိုင်ရန်အတွက် ရေရှည်ခံယူချက်ထား၍ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့ရော်ဘာအရည်အသွေးတိုးတက်စေရန် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်၊ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးမင်းကျန်ရစ်၊ MSR ရော်ဘာစက်ရုံများမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များ၊ ရော်ဘာစိုက်တောင်သူများတို့က အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် ဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)