မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ၁၇.၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး ၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ သရုပ်ပြပွဲကျင်းပရခြင်းမှာ ပေါင်မြို့နယ်အတွင်း နွေစပါးစိုက်ကာလ၌ တောင်သူများ လုပ်သားရှားပါးမှု ပြေလည်စေရန်အတွက် ကျဲပက် စိုက်ပျိုးခြင်းအစား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘိုတာကောက်စိုက်စက်ကို အသုံးပြုပြီး စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေနိုင်ရန်ရည်ရွယ်၍ ပြသရခြင်းဖြစ်ကြောင်း သိရသည်။
DOCA(မွန်)