Main menu

ရေးမြို့နယ်တာဝန်ခံသည် လဝီနွန်သောက်ရေသန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

၂၀.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုးသည် ရေးမြို့နယ်၊ ဒူးယားကျေးရွာရှိ လဝီနွန် သောက်ရေသန့်စက်ရုံသို့သွားရောက်၍ သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးမှ လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချသော ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်မှု ကောင်းမွန် စေရေး အထူးဂရုစိုက်ရန်၊ သန့်ရှင်းသပ်ရပ်မှုကို အလေးထားဆောင်ရွက်ရန်နှင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာ ပါရှိစေရေးဆောင်ရွက်ရန်၊ ဆက်လက်၍ ကုန်အညွှန်းအမှတ်သားပြည့်စုံမှုမရှိသည့် ကုန်စည်များအား စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း၊ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)