မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များသက်သာသော ဈေးနှုန်းတို့ဖြင့် ရောင်းချ ပေးခြင်း၊ အာဟာရနွားနို့တိုက်ကျွေးခြင်းတို့ကို ၂၁.၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ၊ အခမဲ့ပေးခြင်း၊ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်သာသော ဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီ စသည့်အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)