Main menu

ထားဝယ်မြို့တွင် ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

          ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ (၁၃း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့သို့ရောက်ရှိနေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ MC အဖွဲ့ဝင်များနှင့်ကျင်းပပြုလုပ်သည့် လုပ် ငန်းညှိနှိုင်းအစည်းအဝေးအား ထားဝယ်မြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ အဖွင့် အမှာစကားပြောကြားခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသည့် MC အဖွဲ့ဝင်များမှလည်း လိုအပ်သည်များနှင့်သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကာ အစည်းအဝေးအား ၁၄း၄၅ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)