(၁၆-၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ အတွင်း စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့နှင့် ပူးပေါင်း၍ ကုန်မျိုးစုံဆိုင်များ၌ အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီးဗူးများတွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုရှိ/မရှိနှင့် ထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/ မရှိ ကိုကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်း အဖွဲ့တို့သည် (၃)ရပ်ကွက် မှ ကိုလှဦးကုန်စုံဆိုင်၊ စန်းစန်းဝင်းကုန်စုံဆိုင်၊ (၄)ရပ်ကွက် ဒေါ်ကျင်မြ ကုန်စုံဆိုင်၊ (၇)ရပ်ကွက်မှ လှဌေးကုန်စုံဆိုင်၊ ယမင်းရွှေဇင် ကုန် ကုန်မျိုးစုံဆိုင်များ၌ ရောင်းချ နေသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီ အမျိုးမျိုး အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်စေမည့် ကုန်စည်များ ၊ သက်တမ်းလွန် ကုန်စည်များအား ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန်၊ FDA ဌာန၏ ထိန်းချုပ်စားသောက်ကုန် ၂မျိုး ဖြစ်သော ရေနှင့်၊ ဆီတွင် ထောက်ခံချက်အမှတ်ပါဝင်မှ ဈေးကွက်ဖြန့်ရောင်းချခွင့် ရှိသဖြင့် လုပ်ငန်းရှင်များရောင်းချသော ဆီဗူးများတွင် သက်ဆိုင်ရာ ထောက်ခံချက် အမှတ်ပါဝင်သော ကုန်စည်ကိုသာရောင်းချရန်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ရေး အဖွဲ့မှ စစ်ဆေးသည့်အခါ အမှတ်တံဆိပ်ပါ ဗူးဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် အမှတ် မပါဝင်ပါက အရေးယူဆောင်ရွက်၍ ကုန်စည်များသိမ်းဆည်း မည်ဖြစ်သဖြင့် သတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)