Main menu

အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်အမှတ် ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

 (၁၇-၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ မြို့မဈေးအတွင်း စားသုံး သူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့နှင့်ပူးပေါင်း၍ ကုန်မျိုးစုံဆိုင်များ၌  အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီးဗူးများတွင်  ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုရှိ/မရှိနှင့် ထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/ မရှိ ကိုကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ပူးပေါင်းအဖွဲ့တို့သည် ငွေလမင်းကုန်စုံဆိုင် (၇)ရပ်ကွက်၊ ချမ်းမြေ့ကုန်စုံဆိုင် (၇)ရပ်ကွက် ဒေါ်ရွှေ ကုန်စုံဆိုင် (၇)ရပ်ကွက် ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီ အမျိုးမျိုး တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် ရောနှောဆီများ ရောင်းချ ခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနတို့ ၏ ထောက်ခံချက် အမှတ် ပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ရာ ဆီဘူးများတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိ ပြီး ရောနှောဆီများကို ရောင်းချ မှုမရှိ ကြောင်း၊ သက်ဆိုင်ရာဌာနတို့ ၏ ခွင့်ပြုထောက်ခံချက် အမှတ်များပါဝင် ကြောင်းစစ် ဆေးတွေ့ ရှိရပါသည်။

DOCA(ဧရာဝတီ)