စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး နှင့် ဝန်ထမ်းများသည် ၁၇.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Online Sales မှတ်ပုံတင်ထားသောလုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထား သောအချက်များ နှင့်မြေပြင်အချက်အလက်များကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထား လာသည့် အချက်များဖြစ်သည့် (၁) မှတ်ပုံတင်မည့်လုပ်ငန်းအမည်မှန်ကန်မှု (၂) လုပ်ငန်း တည်ရှိရာ လိပ်စာမှန်ကန်မှု (၃) လုပ်ငန်းသို့ဆက်သွယ်ရန်ဖုန်းနံပါတ်မှန်ကန်မှု (၄) လုပ်ငန်း၏ Logo (၅) ကုမ္ပဏီမှတ်ပုံတင်(ရှိပါက) (၆) SME မှတ်ပုံတင်အမှတ်(ရှိပါက) (၇) လုပ်ငန်းပိုင်ရှင် အမည်မှန်ကန်မှု (၈) လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၉) လုပ်ငန်းပိုင်ရှင်၏ ဖုန်းနံပါတ် မှန်ကန်မှု (၁၀) လုပ်ငန်း ပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၁၁) နိုင်ငံသား/နိုင်ငံခြားသားမှန်ကန်မှု (၁၂) မှတ်ပုံတင်လက်မှတ် လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက် စာရင်း (Black List)တွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက် (၁၃) ရောင်းချနေသည့် ကုန်ပစ္စည်း/ဝန်ဆောင်မှုအုပ်စု(တင်ပြစဉ်က ကုန်ပစ္စည်းအုပ်စုအတိုင်း ကိုက်ညီမှုရှိ/မရှိ (၁၄) ရောင်းချနေသည့်ကုန်စည်/ဝန်ဆောင်မှုသည်ဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသော(သို့) ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ် (သို့) ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ (၁၅) ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ (၁၆) ရောင်းချနေသော ကုန်စည်သည်ကိုယ်ပိုင်ထုတ်ကုန် ဟုတ်/မဟုတ် (၁၇) ရောင်းချ နေသော ကုန်စည်တွင် ပြည်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာ ပြည့်စုံ စွာပါဝင်ခြင်းရှိ/မရှိ (၁၈) ရောင်းချနေသော ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားစိစစ် တွေ့ရှိချက် များဟူသော အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)