Main menu

အလှကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 ၂၁.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာဖော်ပြ ပါဝင်ခြင်း ရှိ/မရှိ သက်တမ်းလွန် အလှကုန်များ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အလှကုန်ပစ္စည်း အမျိုးမျိူးရောင်းချသော City Mart (ကျန်စစ်မင်း) တာဝန်ခံအား မိမိရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်ဖြစ်ပါက ရောင်းချခြင်းများ မပြုလုပ် ရန်၊ အလှကုန်ပစ္စည်းများတွင် ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြ ထားရှိသော ကုန်စည်များကိုသာရောင်းချရန် တာဝန်ခံအား ပြောကြားခဲ့ပြီး သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)