၂၁.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ City Mart (ကျန်စစ်မင်း)တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် City Mart (ကျန်စစ်မင်း)မှ တာဝန်ခံဒေါ်မျိုးမျိုးမြင့်အောင်ပါ (၃)ဦး ပူးပေါင်းပါဝင်လျက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းများ အားလုံး ဖော်ပြထားသည် ကိုစစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချသွားရန်နှင့် စားသုံးသူ ကာကွယ်ရေးအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်တာဝန်များကိုလည်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)