အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက် များ မိမိနိုင်ငံအတွင်း စိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေး မူဘောင် အတွင်းမှ ထိန်းကျောင်းဆောင်ရွက်ရမည်ဖြစ်ရာ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲဆောင်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိသည့် အတွက် မတ်ပဲဆောင်းသီးနှံစတင်ရိတ်သိမ်းလျက်ရှိရာ ပြည်ပဝယ်လက်များ မရှိစေရေး စားသုံးသူ ရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် (၁၇.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်း ကျေးရွာဥက္ကဌ ဦးကျော်သူနှင့်မတ်ပဲစိုက်တောင်သူများ၏ စိုက်ကွင်းအထိ သွားရောက်၍ ပြည်ပဝယ် လက်များဈေးနှိမ်ဝယ်ယူခြင်းမရှိစေရေး တောင်သူများမှ မရောင်းချ ရေး ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)