Main menu

“ကော့မှူးမြို့နယ်တွင်ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆန်စက်များစနစ်တကျ မှတ်ပုံတင်နိုင်ရေးကွင်းဆင်းကြည့်ရှု့ခြင်း”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းအသုံးပြုလျှက်ရှိသော ဆန်စက်များ အား ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များစနစ်တကျ မှတ်ပုံတင် နိုင်ရေးတို့ကို ဇန်နဝါရီလ(၁၈)ရက်နေ့၊ နေ့လည်(၁၂:၃၀)အချိန်တွင် တောင်ပိုင်းရပ်ကွက်၊ ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ သခွတ်ပင်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွှန့်နွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးသက်နိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ခံဦးတင်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မင်းဝေ နှင့်တာဝန်ရှိသူများ မြို့နယ်ဆန်စက်အသင်းဥက္ကဌ ဦးတင်အောင်တို့က မြို့နယ်အတွင်းအသုံးပြု လျက်ရှိသည့် ရွှေနဂါးဆန်စက်၊ အောင်ချမ်းညွှန့် ဆန်စက်၊ သုခပြည့်စုံဆန်စက်၊ အောင်ဇေယျဝင်းဆန်စက်၊ ရွှေတိုးလေးဆန်စက်၊ လွင်အောင်ဟိဏ်း ဆန်စက်၊ စိန်ရတနာဆန်စက်၊ ဆုမြတ်ကျော်ဆန်စက် တို့အားကွင်းဆင်းကြည့်ရှု့စစ်ဆေး၍ စပါးသိုလှောင်ကြိတ်ခွဲသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလား အပ်သောအဟန့်အတားများကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုသို့ ဆန်စပါး သယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စီစစ်မှုဖြင့် ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စက်များစနစ် တကျမှတ်ပုံတင် နိုင်ရေး၊ စပါးသယ်ဆောင်ခွင့်အား ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးမှုနှင့်ပတ်သတ်၍ ဆန်စက်လုပ်ငန်းရှင်များက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(ရန်ကုန်)