Main menu

မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များ ရှောင်တခင်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်များအား (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်(၇)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုူမရှိကြောင်း တွေ့ရှိရပြီး တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ဆက်လက် ရောင်းချသွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)