မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာ ဆောင်ရွက်လာစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက် လျှက်ရှိရာ (၁၅.၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ “ပြည့်စုံအောင်” ပဲကြော်လုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင် ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် အခန်း (၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်း ရှင်များ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရမည်ဖြစ်ကြောင်း၊ အခြားဌာနများနှင့်လည်း ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ကထုတ်ပြန်ထားသည့် ကြေငြာချက် အမှတ် (၂/၂၀၁၉) လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)