စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ငွေစာရင်းဌာနခွဲ တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို လည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းကို လည်းကောင်း၊ ထုတ်ကုန်ဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များ တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းအား နမူနာပစ္စည်းများပြသ၍ ရှင်းလင်းခဲ့ပြီး အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ တိုင်ကြားနိုင်သည့်လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများအကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)