Main menu

ပခုက္ကူမြို့ပေါ်ရှိ Online Sale ဖြင့် ကုန်စည်များရောင်းချသည့်လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များမှ မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန် တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၁.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်နှင့် (၁၄.၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တို့တွင် လုပ်ငန်းရှင်(၂)ဦးထံသို့ သွားရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့် လုပ်ငန်းများဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်း များအား အွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်း မှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည် (သို့) ဝန်ဆောင် မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်းများ၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)