ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည်။ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ(၂၀)ရက်နေ့၊နံနက်(၉:၃၀)အချိန်တွင် ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ၊ အနော်ရထာခန်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူး (လက်ထောက်ညွှန်ကြားရေးမှူး)က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရ မည့်အကြောင်းအရာများ ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ အမိန့်ကြော်ငြာစာအမှတ် ၊ ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်စေရန် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ အွန်လိုင်းရောင်းချခြင်း၏ အားနည်းချက်၊အားသာချက် များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာတွင်ပါဝင်ရမည်အချက်များ၊စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါကပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင်ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားကြောင်း ၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်းတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲကို ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်း(၄၂၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)