မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သီရိမင်္ဂလာ (က)ရပ်၊ ချယ်ရီလမ်း၊ မိတ္ထီလာမြို့၌ “ဂုဏ်ရည်” စားသောက်ကုန်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအရ “ဂုဏ်ရည်” စားသောက်ကုန်လုပ်ငန်းတွင် အစိမ်းမြောင်းအမဲသား ခြောက်၊ အသင့်စားမီးကင်အမဲခြောက်ဖုတ်၊ အသင့်စားအမဲသားကြော်များအား ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးမှ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုး စားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့် ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။
DOCA(မန္တလေး)