၂၀၂၅ ခုနစ်၊ ဇန္နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးအေး တို့သည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေး က လုပ်ငန်းရှင်များအနေဖြင့် စက်မှုလိုင်စင်လျှောက်ထားရန်၊ MSME ကဒ်များပြုလုပ် ရန်နှင့်MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးကူည ီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေ ရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ သက်ဆိုင်ရာဌာန ခရိုင်ဦးစီးမှူးများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၇၁)ဦးတက်ရောက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)