Main menu

သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါးများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိ/မရှိခြင်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ( ၂၂ )ရက်နေ့ နံနက်( ၀၈:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါးရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းစွာ ရောင်းချခြင်းစနစ် ရှိ/မရှိ ကို ငါးလုပ်ငန်း၊ မွေးကု၊  စည်ပင်၊ FDA ဌာနများဖြင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးအားဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသားငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆတ်မှုရှိပြီး ဒေသငါးများသာမက အခြားဒေသမှငါးများပါ မှာယူတင်သွင်းရောင်းချ သည်ကို စိစစ်တွေ့ရှိရပြီး အသားငါးရောင်းချသူများအနေဖြင့် အသား/ငါးများ  ကိုင်တွယ်ရောင်းချရာ တွင် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန် လိုအပ်သည့်အပြင် ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချသင့်ပါ ကြောင်း၊ လတ်ဆတ်မှုမရှိသော အသားငါးများနှင့် ကူးစက်ရောဂါရနေသော အသားငါးများအား ရောင်းချခြင်းမပြုရန် အသားငါးရောင်းချနေသောဆိုင်များအား အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင် ရွက်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)