Main menu

ချောက်မြို့၊ အမှတ်(၈၀)မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ “လူငယ်နှင့်မူးယစ်အန္တရာယ်” “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ် (၈၀)အခြေခံပညာမူလတန်းလွန်ရွှေသူဌေးကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း  သိရသည်။

          မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက “လူငယ်နှင့်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သော အစားအစာများ” အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်း၊ ထို့နောက် ဟောပြောပွဲ အပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်‌ရေးအသိပညာပေးစာနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူဘေး အန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)