Main menu

ကံမမြို့တွင် ပင်စင်စားများအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၁.၁.၂၀၂၅)၊ ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများ လစာထုတ်ယူချိန်တွင် Than Thar Trading Co.,Ltd  လက်ခွဲကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင်မှ စားအုန်းဆီ ပိဿာ(၂၀၀)အား‌ရောင်းချရာတွင် ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား ဘူးအပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း ပင်စင်စား(၄၀၀)ဦး အား သက်ဆိုင် ရာဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်အတူ အဖွဲ့စုံဖြင့်  ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)