Main menu

ကော့သောင်းမြို့နယ်ရှိ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ကမ်းသာယာလမ်း၊ ကြက်ဒိုင်အနီး၊ မြစ် ကမ်းဘေးတွင် ဦးသန့်ဇင်စိုး(အဘ ဦးစိုးမောင်)မှတ်ပုံတင်အမှတ်(၅/ကစန(နိုင်)၀၀၀၂၀၀)ပိုင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Rubber Slipper (ကြာပွင့် တံဆိပ်) C/O:Thai 12000 pairBathroom Cleaner(900ml×12bottles) Brand:Hippo Max C/O:thai ခန့်မှန်းတန်ဖိုးငွေကျပ် (၄၁,၇၀၀,၀၀၀/-)ခန့် ပစ္စည်းများအား တွေ့ရှိသဖြင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅(၀၀၁)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်း သည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)