စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် အွန်လိုင်း ရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ဆွေးနွေးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်း”ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်း တည်ရှိရာနေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် က Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေး နွေးခဲ့ရာ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့် ကြော်ငြာ စာအမှတ် ၅၁/၂၀၂၃ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းကို အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် လုပ်ကိုင်နေသူ မည်သူမဆို မှတ်ပုံတင်လျှောက်ထား ရရှိပြီး မှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကိုဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာ ပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အွန်လိုင်း (Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂)မျိုးရှိပြီး အမျိုးအစား(၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ အမျိုးအစာ(၂)မှာ လူပုဂ္ဂိုလ်တစ်ဦးချင်း အတွက်ဖြစ်ကြောင်း၊ မှတ်ပုံတင် လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ လိုအပ်သည့် အချက်အလက်များ၊ လိုက်နာ ဆောင် ရွက်ရမည့် စည်းကမ်းချက်များ၊ သက်တမ်းတိုး ကြေးများ၊ ပြင်ဆင်ချက် တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ် ထားသည့် ပြင်ဆင်ကြေးများ အကြောင်းနှင့် မှတ်ပုံတင် လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိနိုင်မည့်အခွင့် အရေးများအကြောင်းတို့ကို အွန်လိုင်း ရောင်းချနေသူ “စမိုင်း”ကိတ်နှင့်ပေါင်မုန်မျိုးစုံလုပ်ငန်း ပိုင်ရှင်နှင့် အွန်လိုင်းရောင်းချခဲ့ဖူးသူ စုစုပေါင်း(၆)ဦး တို့အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့ပြီး “စမိုင်း”ကိတ်နှင့်ပေါင်မုန်မျိုးစုံလုပ်ငန်းပိုင်ရှင်သည် ကုန်အညွှန်း အမှတ်အသား လျှောက်ထားပြီးဖြစ်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်မပြခြင်းရှိမရှိ ဝင်ရောက်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသား အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသည့် (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်း စာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)