စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ထန်းတော ကျေးရွာရှိ ပဲစဉ်းငုံ(၆)ဧက စိုက်ပျိုးထားသည့် တောင်သူဦးသန်းဌေးစိုက်ခင်းသို့ မြေပြင်ကွင်းဆင်း တွေ့ဆုံ၍ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပ ဝယ်လက်များ စိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေးအတွက် ဆွေးနွေးပြောကြား ရာတွင် ယခင်နှစ်များတွင် မန္တလေးမြို့ရှိကုမ္ပဏီများမှ စိုက်ကွင်းထဲထိဆင်း၍ ဈေးကောင်းပေးဝယ်ယူ လျက်ရှိပြီး ယခုနှစ်တွင် သီးနှံပေါ်ချိန် တစ်လခန့်လိုသေး၍ လာရောက်ဝယ်ယူခြင်း မရှိသေးပါကြောင်း ဒေသခံတောင်သူ ဦးသန်းဌေး ပြောကြားချက်အရ သိရှိရပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)