Main menu

Healthy Unit Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများ ပူးပေါင်း၍ 2၂.1.202၅ ရက်နေ့၊ နေ့လည် (1၃:00) နာရီတွင်  အမှတ် (၅၃/၆၂), မြန်မာ့ဂုဏ်ရည်လမ်း ၊ သာကေတစက်မှုဇုန်ရှိ Healthy Unit Co., Ltd မှ  ဒေါက်တာဒေါ်သိင်္ဂီမြင့်သိန်းနှင့် တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ သွေးတိတ်ဆေး၊ အကိုက်ခဲပျောက်ဆေး၊ အရိုးအား ဆေး၊ ဆီးဆေး၊ အကိုက်ခဲပျောက်ဆေး၊ပိုးသတ်ဆေး(ထိုးဆေး)၊ ကလေးအားဆေး၊ ဝမ်းပိတ်ဆေး၊ နှလုံးသွေးကျဲဆေး စသည့်တို့ကို နိုင်ငံခြားဆေး ကုမ္ပဏီ(၅)ခုမှ ဝယ်ယူရောင်းချပြီး၊ ကုမ္ပဏီအနေ ဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရှိရပြီး ဆေးဝါးများသိုလှောင်ထားခြင်း မပြုကြ ရန် ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ရန်ကုန်)