
ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟိုစာရင်းအင်းအဖွဲ့တိုင်းဦးစီးမှူး ဒေါ်တင်တင်လှ နှင့် အဖွဲ့မှ ဦးဆောင်၍ စားသုံသူရေးရာဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (လက်ထောက် ညွှန်ကြားရေးမှူး) ဒေါ်ထူးမြတ်အိ၊ (ဦးစီးအရာရှိ) ဒေါ်ခင်သီ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး ၊ နှင့်တာဝန်ရှိဝန်ထမ်းများ ၊ ပုဇွန်တောင်ဈေးစည်ပင်သာယာရေးကော်မတီမှ ဈေးတာဝန်ခံ ဦးစိုးပိုင် နှင့်ဝန်ထမ်းများ ပူးပေါင်း၍ ၂၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ဈေးအတွင်း ဘဲဥ၊ ကြက်ဥအရောင်းဆိုင်များအား ဈေးကွက်ဈေးနှုန်းအခြေအနေများ စာရင်းကောက်ယူခဲ့ရာ ကြက်ဥဒိုင်(၁)ခုနှင့်ဘဲဥ၊ကြက်ဥဆိုင်(၆)ဆိုင်တို့မှ လက်လီ/လက်ကား ဈေးနှုန်းများနှင့် ဈေးကွက် ဝင်ရောက်မှု အခြေအနေတို့ကို မေးမြန်းခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ဈေးနှုန်းများမေးမြန်းစုံစမ်းပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူး ဦးလှစိုးက ဈေးကစားရန်ရည်ရွယ်၍ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့်ပြုလုပ်သည် ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာ ပေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)