Main menu

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ‌ရေခဲစက်လမ်းရှိ ဦးလင်းအောင် ဌားရမ်း ထားသော ကမ်းနားဂိုဒေါင်၌  ဦးလင်းအောင်(အဘဦးအံသီး) မှတ်ပုံတင်အမှတ် (၁၂/အစန(နိုင်) ၁၄၀၁၇၁)ပိုင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Energy Drink (150ml×50bottles) Brand: M-150 C/O:thailand- 875 Pkgs ခန့်မှန်းတန်ဖိုးငွေကျပ် (၃၅,၀၀၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိသဖြင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅ (၀၀၅)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)