Main menu

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၂၄ )ရက် နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ လွိုင်ကော်ရိုးမ၊ ပန်းနံ့သာ၊  အောင်မြတ်၊ ရွှေသဇင်မိုး စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ် ဂါလံ၊ လီတာ ပြည့်မီမှုရှိ/မရှိ  သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါဆီဆိုင်များ၌ စက်သုံးဆီတင်သွင်း၊ သို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချလျက်ရှိကြောင်း၊ အချိန်အတွယ် ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်းကြီးကြပ်ရေး စစ်ဆေးရေးဦးစီးဌာန၏(၂၀)လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာပြည့်မီမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပါပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်  အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းသာ ရောင်းချရန်လိုအပ်ကြောင်း၊ စက်သုံးဆီလက်ကျန်ပမာဏ အပေါ်စောင့်ကြည့်ကြပ်မှတ်၍ ပြတ်လပ်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေး ကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ကုန်စည်ထိန်းချုပ်ရောင်းချခြင်းနှင့် ကုန်စည် တင်သွင်း ဖြန့်ဖြူးရောင်းချရာ၌ မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချခြင်းများမပြုလုပ် ကြရန်နှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသောစက်သုံးဆီများ ဈေးကွက်အတွင်းတွေ့ရှိပါက ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်‌ကြောင်း  အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)