Main menu

မိုးညိုမြို့၌စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာ ဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရေကင်းရွာ၌ပိုးသီရိကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ပိုးသီရိအောင်နှင့် (၂၄.၁.၂၀၂၅ ) ရက်နေ့၊ နံနက်( ၁၀:၀၀)နာရီအချိန်တွင်   မြို့နယ်တာဝန်ခံ   ဦးမောင်မောင်အေး နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ် ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်  အသား ‌ဖော်ပြခြင်းနှင့် စပ် လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ ၊ သက်တမ်းကုန် ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်း လမ်းများအား လည်းကောင်း၊ ဥပဒေ  အခန်း(၁၀) ပါစီးပွားရေး  လုပ်ငန်းရှင်၏ တာဝန်များ၊ဥပ ဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြင့် စားသုံးသူ လက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထား ဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်း စာ‌စောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)