Main menu

လှည်းကူးမြို့နယ်တာဝန်ခံ ဆန်ကုန်သည်၊ စက်ပိုင်များနှင့်တွေ့ဆုံ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် ၂၃.၁.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် လှည်းကူး မြို့နယ်အတွင်းရှိ ဆန်စပါးကုန်သည်၊ စက်ပိုင်များနှင့်တွေ့ဆုံ၍ ဆန်ကြိတ်ခွဲမှုနှင့် ဈေးကွက်အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ရာ ဆန်စက်များမှာ လုံးဝရပ်နားထားခြင်း မရှိကြောင်း၊ ယခင်ထက် မီးရရှိမှုလျော့နည်းလာခြင်းရှိပါကြောင်း၊ အရံမီးပေးစက်ဆောင် ထားရပါကြောင်း၊ မီးရရှိရန်နည်း၍ စက်သုံးဆီဖြင့်လည်ပတ်ရချိန်ကြာမြင့်ပါက တွက်ခြေကိုက်မှု နည်းနိုင်ပါကြောင်း၊ လျှပ်စစ်မီးပြတ် တောက်မှု ရေရှည်ဖြစ်ပေါ်လျှင် စပါးခွံဓါတ်ငွေ့(Gasifier) ဖြင့် မောင်းနှင်ခြင်း၊ ဆိုလာပြားများတွဲဖက် တပ်ဆင်အသုံးပြုခြင်းတို့ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ မိုးစပါးပေါ်ချိန်တောင်သူသည်ကွင်းထဲမှ ကုန်သည်၊ စက်ပိုင်တို့ထံ တိုက်ရိုက် ရောင်းချကြသည့်အတွက် တောင်သူထံတွင် မိုးစပါးလက်ကျန် သိပ်ပြီးမကျန်နိုင်ကြောင်း၊ တောင်သူကြီးများသာ လက်ကျန်ချန်၍ရောင်းသည့်အတွက် လက်ဝယ်အချို့အဝက် ကျန်ရှိ နိုင်ကြောင်းတို့ သိရှိဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)